Thursday, October 13, 2016

ရှေးရုပ်သေးနှင့် ဇာတ်ပို့တီးချက်များ




ယခု အသံသွင်းထားသည့် ရှေးခေတ် ရုပ်သေးပို့ ၊ ဇာတ်ပို့ ၊ ဆိုင်းတီးချက်များကို ပြည်ထောင်စု ယဉ်ကျေးမှု့ဌာန ပန်တျာနှင့် ပြဇာတ်ဌာနခွဲမှ ရှေးမူများ ထိန်းသိမ်းရန်နှင့် ပန်တျာသုတေသီများ လေ့လာလိုက်စား ဆည်းပူးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ယဉ်ကျေးမှု့ အထက်တန်း အရာရှိ ပန်တျာသုတေသန ဦးမြဦး ၊ အလင်္ကာကျော်စွာ ဆရာကြီးဦးဟန်ပ ၊ အလင်္ကာကျော်စွာ ဆရာကြီးဦးဘမောင်နှင့် နှဲဆရာကြီးဦးညွန့်တို့ ဦးစီးလျှက် ၁၉၆၃ ခုနှစ် ၊ ဇူလိုင်လ (၂) ရက် ၊ ၁၃၂၅ ခုနှစ် ၊ ၀ါဆိုလဆန်း (၁၂) ရက် ၊ အင်္ဂါနေ့ နံနက် (၁၁) နာရီအချိန်မှ စတင်၍ ရန်ကုန်မြို့ ပြည်လမ်းရှိ အသံလွှင့်ဌာန စတူဒီယိုခန်း (A) ၌ အသံသွင်းရပါသည်။

ရှေးခေတ် ရုပ်သေးပို့ ၊ ဆိုင်းတီးချက်များ၌ ပါဝင်တီးမှုတ်ကြသည့် ပညာရှင်များမှာ

၁) ဆိုင်းဝိုင်းတီး အလင်္ကာကျော်စွာ ဦးဟန်ပ (အသက် ၇၆ နှစ်)
၂) ကြေးဝိုင်းတီး အလင်္ကာကျော်စွာ ဦးဘမောင် (အသက် ၆၆ နှစ်)
၃) နှဲဆရာ ဦးညွန့် (အသက် ၆၅ နှစ်)
၎) ပတ်မတီး ဦးထွန်းစိန် (အသက် ၅၀ နှစ်)
၅) စည်းတီး ၊ အဆို ဦးဘခိုင် (အသက် ၄၇ နှစ်)
၆) စကားပြောနောက်ထ ဦးစပယ်ရှယ် (အသက် ၄၂ နှစ်)
၇) ၀ါးတီး ဦးသာအေး (အသက် ၆၈ နှစ်)
၈) လင်းကွင်းတီး ဦးမင်္ဂလာအေး (အသက် ၆၃ နှစ်)
၉) မောင်းဆိုင်းတီး ကိုကံညွန့် (အသက် ၃၁ နှစ်)
၁၀) စည်တို နှင့် ဗုံထောင်တီး ဦးသစ်ဆန်း (အသက် ၃၅ နှစ်)
၁၁) အထွေထွေတီးမှုတ်သူ ဆိုင်းဆရာ ဦးသန်း (အသက် ၅၂ နှစ်)
၁၂) နတ်ကတော်အဖြစ် နတ်သံပစ်သူ ကြမ်းပိုးမခေါ် မတင်သိန်း (အသက် ၄၈ နှစ်)

ရှေးခေတ် ရုပ်သေးပို့ ဆိုင်းတီးချက်များ၌ အလင်္ကာကျော်စွာ ဦးဟန်ပက ဆိုင်းဝိုင်းတီး၍ အလင်္ကာကျော်စွာ ဦးဘမောင်က ကြေးဝိုင်း တီးရပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာကျော်ခန့်လောက်က မြန်မာ့ယဉ်ကျေးမှုဖြစ်သော ရုပ်စုံစင်တော်ကြီးများနဲ့ ဇာတ်သဘင်အဖွဲ့ကြီးများတို့၏ ထုံးတမ်းစဉ်လာအရ ကပြ သီဆို တီးမှုတ်ခဲ့ကြရသောမူများကို ယခုအသက် ၇၆ နှစ်အရွယ်ရှိ ဆရာကြီး ဦးဟန်ပ ငယ်စဉ်အခါက ပညာသင်ကြား မှီခိုအားထားခဲ့သော ဆရာမိဘများဖြစ်ကြတဲ့ ဆရာပေကြီးနှင့် ဆရာမှင်တို့၏ ရုပ်သေးပို့ ဇာတ်ပို့အတွက် တီးမှုတ်ခဲ့ပုံများနှင့် ယခု အသက် ၆၆ နှစ်အရွယ်ရှိ အလင်္ကာကျော်စွာ ဆရာကြီး ဦးဘမောင်ကလဲ သူ၏ ဆရာမိဘများဖြစ်သော ရွာစားကြီး ဆရာစိမ့်နဲ့ ဘုရားဒါယကာကြီး ၀ဏ္ဏကျော်ထင် မင်းသား ဦးဖိုးစိန်တို့ထံမှ နာယူမှတ်သား သင်ကြားခဲ့သော တီးချက်များနှင့် ယခု အသက် အသက် ၆၅ နှစ်အရွယ်ရှိ နှဲဝိဇ္ဇာ ဆရာညွန့်ကြီးကပါ သူ၏ဆရာမိဘဖြစ်တဲ့ ရွာစားကြီး အဖဦးမိုးညှင်းတို့ထံမှ ပညာသင်ကြား ဆည်းပူး၍ ရရှိခဲ့သော ရုပ်သေးပို့ ဇာတ်ပို့များကို အထက်ဖော်ပြပါ ဆရာကြီးဦးဟန်ပ ၊ ဦးဘမောင်တို့နှင့် တိုင်ပင်ညှိနှိုင်းပြီး ယခုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီအစိုးရ ယဉ်ကျေးမှု သုတေသနဌာနမှ မြန်မာ့ဆိုင်း ရုပ်သေးနှင့် ဇာတ်သဘင်တို့၏ ရှေးမူဟောင်းများကို တိမ်မြုပ်ပျောက်ကွယ်မှု မရှိစေခြင်းငှာနှင့် နောက်အနာဂါတ်ကာလတွင် သဘင်ပညာရှင်များအတွက် ဗဟုသုတ ပြန့်ပွား တိုးတက်စေရန် ရည်ညွှန်း၍ ယခုလို ဖော်ထုတ်လိုက်ရခြင်းမှာ ရုပ်စုံစင်တော်ကြီးများနှင့် ဇာတ်သဘင်ကြီးများ ရုံပွဲဖြစ်စေ ၊ ဗလာပွဲဖြစ်စေ ကပြကြရာတွင် ဆိုင်းအဖွဲ့ ပညာရှင်များက ရှေးမြန်မာစကားအရဆိုလျှင် ညနေ နွားရိုင်းသွင်းချိန် ယခုခေတ် စက်နာရီအခေါ်ဆိုလျှင် ညနေ (၅) နာရီခန့်လောက်မှာ ဦးစွာပထမ ပွဲကြည့်မည့် ရပ်ဝေး ရပ်နီးများမှ လူအများ ကြားသိကြစေခြင်းငှာ ပတ်မကြီးနဲ့ လင်းကွင်းကြီးတို့ကို ဤကဲ့သို့ တီးခဲ့ကြပါတယ်။


01 နိဒါန်းနှင့် ပတ်မကြီး၊ လင်းကွင်းတီးချက်

02 ချွတ်ကြီး၊ကရောင်း၊ကပီ တီးချက်

03- ခုနစ်သံချီတိးချက်

04- စင်တိုင်တီးလုံး

05-ပွဲဦးနတ်ကတော်နှင့် အပျိုတော်ခန်း

06- ဆင်နှင့်ကျား အထွက်တီးလုံး

07- မြင်း တီးချက်

08-မျောက်နှင့် ဘီလူး အထွက်တီးလုံ့း

09- ဇော်ဂျီ အထွက်တိးလုံး

10-၀န်ကြီးများအထွက်တီးချက်

11 နေရာတော်ခင်း

12 အကြိုခံဝန်ဆိုင်း

13- အပျိုတော်ကချီခန်း တီးလုံးး

14-၀န်လေးပါးရုံးတက်တီးလုံး

15-သာကွင်း

16- ငှက်ညည်း တီးချက်

17- ရသေ့ တီးလုံး

18- ရဟန်း တီးလုံ့း

19- နဂါးနှင့် ဂဠူန် တီးချက်

20-စစ်ချီ စစ်ထွက် တီးလုံး

21-မိုးကြိးလေကြီးကျခန်းတီးကွက်

22- ချွတ်တီးလုံ့း(သူခိုး)

23-ဗျိုင်းတောင်

24-ရေကင်း

25-လေးခင်း ဗိန်းဗောင်း

26- မှိုင်တီးချက် ( ရှာပုံတော်)

26- မှိုင်တီးချက် ( ရှာပုံတော်)

27-လှေတော်သံ

28-ဝေလာ (လေမိုးကျ)

29-အောက်နတ် နတ်ဒိုးတီးချက်

30-ပုဏားသံ

31-ကရင်အောသံ

32-တောလေပြေ

33- အအေးငို (အဖေကြီး)

34-အပူငို

35 အပူအသံနှင့်အတွေ့ငို

36- တေးထပ်ငိုချင်း တီးချက်

37- အသံနှင့်ငိုချင်းပို့ပုံ

38-3 စက်တော်မူလေပြေ

39- အရေးတကြီးလေပြေ(အတို)

40- စက်တော်ချင်းလေပြေ

41- ၀ိဇယဖေါင်မျှော၊ မယ်တော်ယိုးဒယားလိုငိုတီးပုံ

42- (၇) သံချီ ပြန်လည်သွင်းချက်

43- အလောင်းပိုက်ငိုချင်းရှည်

44 ဗုံတောက်(လူရွှင်တော်ကြီးများဇာတ်အိမ်အတွင်းအသွား)

45- ဇာတ်ကွက်တွင် ဆင်အထွက်တီးချက်

46- အိပ်ချိန်တန်နရီချတီးပုံ(အေးကြူးသံချိုဧ)

47- ဇာတ်ကွက်တွင် မြင်းခင်းတီးချက်

48- နတ်သမီးအဆင်းသိင်္ဂါသံ တီးချက်

49- ဇာတ်ကွက်တွင် မုဆိုးများအသွားတီးချက်


စီးရီးလိုက် ဒေါင်းချင်ရင် ဒီနေရာလေး နှိပ်လိုက်ပါခင်ညား။

Track & Upload - Khon Tin Soe (Myanmar Traditional Orchestra Group On Facebook)

No comments:

Post a Comment