Saturday, July 16, 2016

MP3 မှာ ကာဗာလေးတွေ ထည့်ကြမယ်


သီချင်းဖိုင်တွေမှာ ကာဗာထည့်ဖို့ ပထမဆုံး mp3tagv265asetup.exe ဆိုတာလေးကို ဒေါင်းပြီး မိမိကွန်ပျူတာမှာ install လုပ်လိုက်ပါ.။


အောက်ကပုံလေးအတိုင်း မြင်ရပါလိမ့်မယ်။





သီချင်းလေးတွေ အဲဒီ software ထဲ ထည့်ဖို့အတွက် Convert အောက်က အမှန်ခြစ်အစိမ်းလေးနဲ့ folder လေးကိုနှိပ်ပြီး မိမိသီချင်း folder ကို ရွေးပေးပြီး Select Folder ကို နှိပ်လိုက်ပါ.။





သီချင်းတွေကို software ထဲ ထည့်ပြီးတော့ ရောက်လာတဲ့သီချင်းတွေကို အောက်ကပုံလေးထဲကအတိုင်း select လုပ်လုပ်ပါ.။






ပြီးရင် Discnumber ရဲ့ အောက်က စီဒီပုံအ၀ိုင်းလေးပေါ်မှာ များထောက်ပြီး ညာကလစ် နှိပ်လိုက်ပါ.။ ပြီးရင် add cover ဆိုတာကို နှိပ်ပြီး မိမိထည့်ချင်တဲ့ပုံကို ရွေးကာ open လုပ်လိုက်ပါ.။





ကာဗာလေး ထည့်ပြီးပြီးဆိုရင်တော့ အပေါ် ဘယ်ဘက်ဒေါင့်က File အောက်က save ဆိုတာလေးကို နှိပ်လိုက်ပါ.။ save ပြီးရင် ok ပါပြီ .။ ကြိုက်တဲ့နေရာမှာ တင်လို့ ရပါပြီ.။






ဆရာကိုသုတ (Thutagoung Wai Facebook) သင်ပြပေးထားတာလေးကို ပြန်ပြီး မျှဝေပေးတာပါ။ သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ.။

No comments:

Post a Comment